Burmese

အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် အပိုင်း နှစ်

လက်ရှိခေတ်ကာလတွင် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပေ၊ ထို့အပြင် ကျေးဇူးတော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့်လည်း မတူပေ။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအလုပ်ကို မလုပ်၊ လူသားအားလုံးကို ရွေးနုတ်ရန်အတွက် လက်ဝါးကပ်တိုင်၌ အသေခံသည့် အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှုအဘယ်ကြောင့် လက်ဝါးကပ်တိုင်၌ အသေခံဖို့လိုသည့်အကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့သော ဒုက္ခကို ခံရမည်ဖြစ်ကြောင်းနှင့် လူသားသည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့ အသေခံသင့်သည့် အကြောင်းတို့ကိုသာ ဖော်ပြထားသည်။ ထိုခေတ်၌ ဘုရားသခင် လုပ်ခဲ့သမျှ အလုပ်အားလုံးသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအပေါ် ဗဟိုပြုထားသော အလုပ်များဖြစ်သည်။

Burmese

ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု အပိုင်း တစ်

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော သတ္တဝါ ဖြစ်သောကြောင့် ထိုအလုပ်နှင့် လူသည် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရဘဲ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားကာ ဘုရားသခင်နှင့် ကင်းကွာပြီး မည်သည့် ပုဂ္ဂိုလ်မျှ မတည်ရှိနိုင်ဟုပင် ပြောနိုင်သည်။ ယင်းသည် အချက်အလက်အမှန်ဖြစ်၍ မည်သူမျှ ယင်းကိုမငြင်းနိုင်။ ဘုရားသခင်လုပ်ဆောင်သမျှ အလုံးစုံသည် လူသားအကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ၏ လိုအပ်ချက်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား၏ အသက်တာအတွက် အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ရိုးရှင်းစွာပင် ဘုရားသခင်မှ […]

Burmese

ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်း များစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား […]

Burmese

ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ

ဘုရားသခင်က လူကိုစုံလင်စေသော လမ်းကြောင်းဆိုသည်မှာ အဘယ်နည်း။ အဘယ်ရှုထောင့်များ ပါဝင်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ ဖြစ်လာရန် သင်အလိုရှိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် သင်အလိုရှိသလော။ ဤမေးခွန်းများ အကြောင်းကို သင်ဘာသိသနည်း။ ထိုသို့သော အသိတရားပညာကို သင်မပြောနိုင်လျှင်၊ သင်သည် ဘုရားသခင်၏ အလုပ်ကို မသိသေးကြောင်းနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ် ပွင့်လင်းခြင်းကို လုံးဝမခံယူ ရသေးကြောင်းကို ဖော်ပြသည်။ ထိုကဲ့သို့သော လူမျိုးကို ပြီးပြည့်စုံလင်စေ၍ မရနိုင်ပါ။ သူတို့သည် ခေတ္တအချိန်အတွက် ကျေးဇူးတော် ပမာဏအနည်းငယ်ကိုသာ ခံယူနိုင်လျက် ရေရှည်အတွက်ဆိုပါက မထိန်းသိမ်းနိုင်ကြပေ။

Burmese

စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည် ငါသတ်မှတ်သော စံနှုန်းများနှင့် ပြည့်မီရမည်။ သင့်ကို လွင့်မျောနေသော တိမ်စိုင်မျှသာဖြစ်ရန် ငါမတောင်းဆိုဘဲ ဝင်းလက်တောက်ပသော နှင်းပွင့်ဖြစ်ရန်နှင့် ၎င်း၏ အနှစ်သာရကို ပိုင်ဆိုင်ရန် ထို့ထက်ပို၍ ၎င်း၏ တန်ဖိုးကို ပိုင်ဆိုင်ရန်သာ တောင်းဆိုသည်။ ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့် သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာခဲ့သော အမည်သာရှိပြီး အနှစ်သာရ မရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။ အသစ်သော ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက် လာပြီး အသစ်သော ကမ္ဘာမြေကြီးသည် မိုးကောင်းကင် တစ်လွှားတွင် ပျံ့နှံ့လေသော အချိန်သည် လည်း လူသား အကြား၌ ငါသည် တရားဝင်အလုပ်လုပ်သော အချိန်ပင်ဖြစ်သည်။

Burmese

စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၅

ငါ့ဝိညာဉ်က အသံပြုသည့်အချိန်တွင် ငါ၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြလေသည်။ ယင်းအကြောင်းကို ရှင်းလင်းစွာ သင်တို့ နားလည်ပါသလော။ ဤအချက်ကို သင်တို့နားမလည်ခြင်းသည် ငါ့အား တိုက်ရိုက် ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။ ဤအရာ၌ရှိသော အရေးပါမှုကို သင်တို့ အမှန်တကယ် သိမြင်ပြီးပါပြီလော။ သင်တို့အပေါ်သို့ မည်မျှသောအားထုတ်မှု၊ မည်မျှသောစွမ်းအားကို ငါသုံးခဲ့ကြောင်း သင်တို့ အမှန်တကယ် သိပါသလော။ ငါ့ရှေ့မှောက်တွင် သင်တို့လုပ်ခဲ့သောအရာကို သင်တို့အမှန်တကယ် ဖော်ထုတ်ဝံ့ပါသလော။ ငါ့ရှေ့တွင် သင်တို့ကိုယ်သင်တို့ ငါ၏လူများဟု ခေါ်ဆိုဝံ့ပါသလော- သင်တို့တွင် အရှက်တရား အလျှင်းမရှိ၊ ဆင်ခြင်တုံတရား သာ၍မရှိ။

Burmese

ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် အပိုင်း နှစ်

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ – နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။

Burmese

နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။ ၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။ ၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ခံစားပျော်မွေ့နိုင်သော အရာဝတ္ထုများအပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား […]

Burmese

ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏

သင်တို့က စွမ်းဆောင်ရရှိရန် ငါမျှော်လင့်သည့် အရာများစွာရှိ၏။ သို့ရာတွင် သင်တို့၏ လုပ်ဆောင် ချက်များနှင့် သင်တို့၏ အသက်တာအားလုံးတို့သည် ငါ၏ တောင်းဆိုချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ငါ့တွင် အခြားလမ်းမရှိဘဲ ဆိုလိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုဆန္ဒကို သင်တို့အား ရှင်းပြရန်သာရှိ၏။ သင်တို့၏ သိမြင်မှုသည် ညံ့ဖျင်း၍ သင်တို့၏ နားလည် သဘောပေါက်မှုသည်လည်း အလားတူ ညံ့ဖျင်းသဖြင့်၊ သင်တို့သည် ငါ၏ စိတ်နေသဘောထားရော ငါ၏အနှစ်သာရကိုပါ လုံးဝဥဿုံနီးပါး မသိသဖြင့်၊ ၎င်းတို့အကြောင်း သင်တို့ကို အသိပေးရန်မှာ အရေးတကြီးကိစ္စ တစ်ရပ်ဖြစ်၏။

Burmese

ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏

ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။