Burmese

အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် အပိုင်း နှစ်

လက်ရှိခေတ်ကာလတွင် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပေ၊ ထို့အပြင် ကျေးဇူးတော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့်လည်း မတူပေ။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအလုပ်ကို မလုပ်၊ လူသားအားလုံးကို ရွေးနုတ်ရန်အတွက် လက်ဝါးကပ်တိုင်၌ အသေခံသည့် အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှုအဘယ်ကြောင့် လက်ဝါးကပ်တိုင်၌ အသေခံဖို့လိုသည့်အကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့သော ဒုက္ခကို ခံရမည်ဖြစ်ကြောင်းနှင့် လူသားသည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့ အသေခံသင့်သည့် အကြောင်းတို့ကိုသာ ဖော်ပြထားသည်။ ထိုခေတ်၌ ဘုရားသခင် လုပ်ခဲ့သမျှ အလုပ်အားလုံးသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအပေါ် ဗဟိုပြုထားသော အလုပ်များဖြစ်သည်။

နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သူ့ကို ယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များ ပြောနေသည်။ ဤအရာမှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအလုပ်အား လုပ်ဆောင်ရန် ရောက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောသည်၊ အချက်အလက်များကို တော်ရုံတန်ရုံ အသုံးပြုခဲ့သည်။ ဤအရာသည်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အနှစ်သာရဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင် နှုတ်ကပတ်တော်များပြောခြင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲ ကြွဆင်းလာခြင်း ဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍…”။ ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း၏ အလုပ်)သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင်လုပ်မည့် အလုပ်ဖြစ်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့လာပြီး သူ၏ နှုတ်ကပတ်တော်ကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင် အထမြောက်အောင် လုပ်မည့်အရာ၊ လူ၏ နောက်ဆုံး ပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော အလုပ်သည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အလုပ်ဖြစ်ပြီး ထိုအလုပ်နှင့် ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်၊ ထို့အပြင် ထိုအရာများ အားလုံးသည် လူဇာတိခံယူသော နှုတ်ကပတ်တော်၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်စေသည့် အရာများဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ အနားယူကြမည့် သူများ စသည်တို့နှင့် ပတ်သက်သော နှုတ်ကပတ်တော်များ အားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ထိုအလုပ်သည် နောက်ဆုံးသော ကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိက အလုပ်ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသော သူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင်၏ လူများနှင့် ဘုရားသခင်၏သားများကို မည်သို့ အမျိုးအစား ခွဲခြားသတ်မှတ်မည် ဖြစ်ကြောင်း၊ ဣသရေလ၌ မည်သို့ ဖြစ်မည်၊ အဲဂုတ္တု၌ မည်သို့ဖြစ်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်သည့် နှုန်းသည် အရှိန်မြင့်လာလျက် ရှိသည်။ ခေတ်တိုင်း ခေတ်တိုင်းတွင် ဘာလုပ်ရမည်နည်း ဆိုသည်အား လူသားကို ထုတ်ဖော်ပြသဖို့၊ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူထားသော ဘုရားသခင် ဘာလုပ်ရမည်နည်း ဆိုသည်ကို ထုတ်ဖော်ပြသဖို့၊ လုပ်ဆောင်ရမည့် သူ၏သာသနာကို ထုတ်ဖော်ပြသဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော် အမှန်တကယ် ထင်ရှားစေဖို့ ပြောသောစကားများဖြစ်သည်။

“နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့ ကြိုးစားသူများအားလုံးသည် စွန့်ပစ်ခြင်းကို ခံရလိမ့်မည်၊ သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် သူများမဟုတ်”ဟု အရင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်။ သို့သော် ငါ၏အလုပ်အကြောင်းကို သင်သည် နည်းနည်းလေးမျှ မသိ၊ ဤအခြေအနေအထိ ရောက်သည့်တိုင်သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုနေသေးသည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မြင်ရဖို့လော၊ သို့မဟုတ် အသက်ကို ရဖို့လော။ ယေရှုသည်လည်း ယနေ့တိုင် ပြည့်စုံခြင်း မရှိသေးသည့်နှုတ်ကပတ်တော် များစွာပြောခဲ့သည်။ မပြည့်စုံသေးသော နှုတ်ကပတ်တော်များကြောင့် ယေရှုကို ဘုရားသခင် မဟုတ်ဟု သင်ပြောမည်လော။ သူသည် ခရစ်တော် ဖြစ်သည်၊ ဘုရားသခင် ချစ်သောသားဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ထိုအချက်ကို သင်ငြင်းနိုင်ပါသလား။ ယနေ့ခေတ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များသာ ပြောသည်။ အကယ်၍ သင့်မှာ ထိုစကားများကို စေ့စေ့ စပ်စပ် နားလည်နိုင်စွမ်းမရှိလျှင် သင်သည် ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည် နိုင်မည်မဟုတ်။ သင်သူ့ကို ယုံခြင်းမှာ သူသည် ဘုရားသခင်ဖြစ်၍လော၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဆိုသည့် အချက်အပေါ်မူတည်ပြီး ယုံသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သင်ယုံသည်လော၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံသည်လော။ ယနေ့ခေတ်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ ထိုသို့မပြသောသူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလား။ အကယ်၍ သူပြောသည့် စကားများ မပြည့်စုံလျှင် သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလား။ ဘုရားသခင်၏ အနှစ်သာရက မည်သို့နည်း ဟူသည့်အချက်ကို ဆုံးဖြတ်သောအခါ၌ သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဟူသည့် အချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ပါသလား။ လူအချို့သည် အဘယ်ကြောင့် ဘုရားသခင်ကို မယုံခင် သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံဖို့ အမြဲစောင့်နေကြသနည်း။ ထိုအချက်က ဘုရားသခင်ကို သူတို့ မသိကြောင်း ပြသည် မဟုတ်လော။ ထိုသို့သော အယူအဆများရှိသူ အားလုံးသည် ဘုရားသခင်ကို ငြင်းဆန်သူများဖြစ်သည်။ သူတို့သည် သူတို့၏ အယူအဆများကို အသုံးပြုပြီး ဘုရားသခင်ကို တိုင်းထွာကြသည်။ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် သူတို့သည် ဘုရားသခင်ကို ယုံကြပြီး ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံလျှင်တော့ သူတို့သည် ဘုရားသခင်ကို မယုံကြ။ သူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ နောက်သို့ အမြဲလိုက်နေကြသည်။ ထိုသူတို့သည် ခေတ်သစ် ဖာရိရှဲများ မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်လား၊ မရပ်တည်နိုင်ဘူးလား ဟူသည့်အချက်သည် သင်တို့ ဘုရားသခင်အစစ်ကို သိ၊ မသိ ဟူသည့် အချက်အပေါ် မူတည်သည်။ ထိုအချက်သည် အလွန် အရေးကြီးသည်။ သင့်အသက်တာ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိသဘော သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို သိသောအသိ သင့်မှာ တိုးလေလေဖြစ်ပြီး၊ စမ်းသပ်မှုများနှင့် ကြုံရသောအခါ၌ သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သင်ပိုပြီး မျှော်လင့်လေလေ၊ ခိုင်မာစွာ ရပ်တည်နိုင်စွမ်း သင့်မှာ လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှု များနှင့် ကြုံရသောအခါ၌ သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံ အုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့အရှိသဘောသည်သာ အသက်ဖြစ်သည်။ အချို့လူများ သည် ဘုရားသခင်၏ အလုပ်အားဖြင့် ပြီးမြောက်မည့် အကျိုးသက်ရောက်မှုများကို မသိကြ။ သူတို့သည် စိတ်ရှုပ်ထွေးမှုနှင့် သူတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်၊ ဘုရားသခင်၏ အလုပ်အကြောင်းကို သိဖို့ မကြိုးစားကြ။ သူတို့ ကြိုးစားလုပ်ဆောင်သမျှသည် အမြဲတမ်းပင် သူတို့၏ အလိုဆန္ဒများကို ဘုရားသခင် ဖြည့်ဆည်းပေးအောင် လုပ်ဖို့ဖြစ်သည်၊ ထိုသို့ ကြိုးစားလုပ်ဆောင်ဖို့ အတွက်သာ သူတို့သည် ဘုရားသခင်ကို အလေးအနက်ထားပြီး ယုံကြည်ကြသည်။ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များပြည့်စုံလျှင် အသက်ကိုရှာမည်ဟု သူတို့က ပြောကြသည်။ သို့သော် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံလျှင် သူတို့အသက်ကို ရှာဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိသောအရာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ ကြိုးစားခြင်း၊ ကောင်းကင်နိုင်ငံနှင့် တတိယ ကောင်းကင်နိုင်ငံသို့ တက်နိုင်ဖို့ ကြိုးစားခြင်း ဖြစ်သည်ဟု သူတို့ထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လက်တွေ့အရှိသဘောထဲသို့ ဝင်နိုင်အောင် ကြိုးစားဖို့၊ အသက်ကို ရအောင် ကြိုးစားဖို့၊ ဘုရားသခင်၏ ရယူခြင်းကိုခံရဖို့ဟု မည်သူကမျှ မပြောကြပေ။ ထိုသို့သော ကြိုးစားမှုသည် ဘာတန်ဖိုး ရှိသနည်း။ ဘုရားသခင်ကိုသိသော အသိကိုရအောင် မကြိုးစားသောသူများ၊ ဘုရားသခင်၏ ကျေနပ်မှုကို ရအောင် မကြိုးစားသောသူများသည် ဘုရားသခင်ကို မယုံသူများဖြစ်သည်၊ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုသူများ ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သင်တို့ ယခု နားလည် ကြပြီလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းလား။ ကောင်းကင်နိုင်ငံသို့ တက်ခြင်းကို ပြောတာလား။ ဘုရားသခင်ကို ယုံကြည်ရခြင်းမှာ မလွယ်ပါ။ ယနေ့ ထိုသို့သော ဘာသာရေးဓလေ့ကို ဖယ်ရှားသင့်သည်။ အံ့သြဖွယ်ရာများ ဘုရားသခင် လုပ်ပြသည်ကို ကြိုးစားရှာဖွေခြင်း၊ အနာရောဂါများ ဘုရားသခင်ငြိမ်းစေသည်ကို ကြိုးစားရှာဖွေခြင်း၊ နတ်ဆိုးများ နှင်ထုတ်သည်ကို ကြိုးစားရှာဖွေခြင်း၊ ငြိမ်သက်ခြင်းနှင့် ကျေးဇူးတော်များစွာ ဘုရားသခင် ပေးသည်ကို ကြိုးစားရှာဖွေခြင်း၊ ဇာတိပကတိအတွက် ဇိမ်ခံစရာနှင့် အလားအလာများရှိအောင် ကြိုးစားရှာဖွေခြင်း စသည့် အရာများသည် ဘာသာရေးဓလေ့များဖြစ်သည်။ ထိုသို့သော ဘာသာရေး ဓလေ့များသည် မရေရာသော၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းဖြစ်သည်။ ယနေ့ခေတ်၌ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်တာ၏ လက်တွေ့အရှိသဘောအဖြစ် လက်ခံခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စေရန်အတွက် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကို သိခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ် ဆိုသည်မှာ ဘုရားသခင်ကို သင်နာခံနိုင်ရန်၊ ဘုရားသခင်အား သင်ချစ်နိုင်ရန်၊ ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတစ်ဦး အနေနှင့် လုပ်ဆောင်သင့်သော တာဝန်ကို သင်လုပ်ဆောင်နိုင်ဖို့ရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သည့် ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သိသော အသိ၊ ဘုရားသခင်သည် ကြောက်ရွံ့ထိုက်သူ ဖြစ်ကြောင်းကို သိသောအသိ၊ ဘုရားသခင်သည် သူဖန်ဆင်းထားသော သက်ရှိသတ္တဝါများအကြား၌ ကယ်တင်ခြင်းအမှုနှင့် စုံလင်အောင် ပြုလုပ်ပေးသည့် အမှုကို မည်သို့ ပြုလုပ်ပေးသည်ကို သိသောအသိတို့ သင့်မှာ ရှိရမည်။ ဘုရားသခင်ကိုယုံလျှင် သင့်မှာ အနည်းဆုံး ထိုသို့သော အသိများ ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိ၌ ရှင်နေသော အသက်တာမှ ဘုရားသခင်ကို ချစ်သည့်အသက်တာသို့ ပြောင်းလဲခြင်း၊ သဘာဝအတိုင်းနေသည့် အသက်တာမှ ဘုရားသခင်၌တည်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ စာတန်၏ ပိုင်နက်ထဲမှ ထွက်ပြီး ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း၊ ဘုရားသခင်ကို နာခံနိုင်စွမ်း ရှိခြင်း၊ ဇာတိပကတိကို မနာခံခြင်း၊ ဘုရားသခင်အား သင့်နှလုံးသား တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ပေးခြင်း၊ ဘုရားသခင်က သင့်ကို စုံလင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်ပေးခြင်း၊ အကျင့်ပျက်သော စာတန်၏ စိတ်သဘောထား မရှိအောင် ကိုယ်တိုင် ရုန်းထွက်ခြင်းတို့ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ ဘုန်းနှင့်တန်ခိုးကို သင့်အသက်တာမှာ ထင်ရှားနိုင်စေဖို့၊ ဘုရားသခင်၏ အလိုအတိုင်း သင်ဆောင်ရွက်နိုင်စေဖို့၊ ဘုရားသခင်၏ အကြံအစည် အထမြောက်အောင် လုပ်ဆောင်နိုင်ဖို့၊ စာတန်၏ ရှေ့၌ ဘုရားသခင်အကြောင်း သက်သေခံနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့၊ သင်၏ ဇာတိပကတိ အကျိုးရှိဖို့ မဖြစ်သင့်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကိုသိအောင် ကြိုးစားရှာဖွေဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်း ရှိဖို့၊ ပေတရုကဲ့သို့ သေသည်အထိ ဘုရားသခင်ကို နာခံဖို့ ဖြစ်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း အောင်မြင်ဖို့အတွက်လိုသည့် ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းသည် ဘုရားသခင်ကို သိဖို့၊ ဘုရားသခင် ကျေနပ်စေဖို့အတွက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းက သင့်အား ဘုရားသခင်အကြောင်း ပိုသိစေသည်၊ ထိုသို့ သိမှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်သည်။ ဘုရားသခင်ကိုသိမှ သင်ဘုရားသခင်ကို ချစ်နိုင်သည်။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ရည်ရွယ်ချက်သည် ဘုရားသခင်ကို ချစ်ဖို့သာ ဖြစ်သင့်သည်။ သင်၏ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများမြင်ရဖို့ အမြဲတမ်း ကြိုးစားခြင်းသာဖြစ်နေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်သည် လွဲမှားနေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်တာ၏ လက်တွေ့အရှိသဘောအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ထွက်စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၊ သင့်အထဲ၌ ဘုရားသခင်၏ နှုတ်ထွက်စကားများကို အကောင်အထည် ဖော်ခြင်းတို့အားဖြင့်သာ ဘုရားသခင်နှင့် ဆိုင်သော ရည်ရွယ်ချက်ကို ရရှိခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို ယုံသောအခါ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိဖို့၊ ဘုရားသခင်ကို အပြည့်အဝ နာခံတတ်ဖို့ ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်ကို မြည်တွန်တောက်တီးခြင်း မရှိဘဲ နာခံနိုင်လျှင်၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုစိုက်လျှင်၊ ပေတရု၏ ဝိညာဉ်အသက်တာကို ပိုင်ဆိုင်လျှင်၊ ဘုရားသခင် ပြောသည့် ပေတရု၏ပုံစံအတိုင်း အသက်ရှင်လျှင်၊ သင်သည် ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိပြီးသော အချိန်ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ဘုရားသခင်က သင့်ကို ရယူပြီးပြီ ဖြစ်ကြောင်းကို ဖော်ပြသည်။

ဘုရားသခင်သည် သူ့အလုပ်ကို စကြဝဠာတစ်ခုလုံး၌ လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူတိုင်းသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်၊ သူ၏ နှုတ်ကပတ်တော်ကို မှီဝဲ၊ သုံးဆောင်ရမည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည်ဟူသည့် အချက်ကြောင့် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ ရယူခြင်းကို ခံရမည် မဟုတ်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မထားသင့်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ အာရုံထားသင့်သည်။ ဓမ္မဟောင်းခေတ်၊ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်အချို့ပြောခဲ့သည်၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်။ ယေရှု နှုတ်ကပတ်တော်များစွာ ပြောပြီးနောက်၊ နောက်ပိုင်းတွင် တမန်တော်များနှင့် ပရောဖက်များသည် လူတို့ကို ယေရှုချမှတ်ခဲ့သည့် ဥပဒေသများ၊ ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင် စေခဲ့သည်၊ ယေရှုပြောသည့် အခြခံမူများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက် သို့မဟုတ် လူသားလက်ခံအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကို မထင်ရှားစေနိုင်ပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ဘုရားသခင်ပြနေလျှင် ဘုရားသခင်၏ လက်တွေ့ အရှိသဘောကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ နှုတ်ကပတ်တော်ကို အသုံးပြုပြီးနောက် လူသားက ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်အောင်၊ ဘုရားသခင်ကို သိသောအသိ ပြည့်စုံအောင် လုပ်ပေးသည်။ ဘုရားသခင်လုပ်သည့် အလုပ်နှင့် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်သည် ထိုသို့ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် သူပြောသည့် နှုတ်ကပတ်တော်များနှင့် အလုပ်လုပ်နည်း မျိုးစုံကို အသုံးပြုသည်။ စစ်ဆေးသည့် အလုပ်ဖြစ်စေ၊ ဆုံးမသည့် အလုပ်ဖြစ်စေ၊ ပြုပြင်သည့် အလုပ်ဖြစ်စေ၊ နှုတ်ကပတ်တော်များပြောသည့် အလုပ်ဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အလုပ်၊ ဉာဏ်ပညာနှင့် အထူးတလည် ကောင်းမြတ်မှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ပြီး လူသားကို ပြည့်စုံစေသောအခါ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့အတွက် အရည်အချင်း ပြည့်မီနေလိမ့်မည်။ သင့်မှာ ဘုရားသခင်ကို သိသောအသိရှိပြီး ဘုရားသခင် ဘာလုပ်လုပ် သင်နာခံနိုင်စွမ်း ရှိသောအခါ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်ပြီး သင့်မှာ မည်သည့် အယူအဆမျှ ရှိနေမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် အကျင့်ပျက်ပြီး ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်စွမ်း မရှိသည့် လက်ရှိအချိန်၌ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ရန် အရည်အချင်းနှင့် ပြည့်မီသူ ဖြစ်ပါ၏လော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်သည် လူသားကို အပြစ်ပေးသည့်အချိန်၊ ခေတ်ပြောင်းလဲသည့် အချိန်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို ပုံမှန်လုပ်ဆောင်နေသော အချိန်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် အလွန့်အလွန် လွယ်ကူသည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အလုပ်လုပ်သည့် မူမဟုတ်၊ လူသားကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ ရည်ရွယ်ချက်လည်း မဟုတ်ပါ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူသားကို ကိုယ်ထင်ပြလျှင် လူအားလုံးက ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီး ဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။ ထိုစကားများ၏ အဓိပ္ပာယ်က အဘယ်နည်း။ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသော ထိုသူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ရိုက်နှက်ဆုံးမမှု၊ ပြုပြင်မှုနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးမှ အမှန်တကယ် နာခံကြသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများ၏ ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း မဟုတ်၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းမဟုတ်၊ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သူတို့သည် မည်သည့် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာနှင့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မမြင်ရသေးပေ။ သူတို့သည် နက်နဲသော အက္ခရာများ၊ အယူဝါဒများ သို့မဟုတ် အလွန်လေးနက်သော ထိုးထွင်း နားလည်မှုများ အကြောင်းကို မပြောကြပေ။ သူတို့၌ လက်တွေ့အရှိသဘော၊ ဘုရားသခင်၏ စကားများနှင့် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်သည့် စစ်မှန်သော အသိတို့သာ ရှိကြသည်။ ထိုသို့သော လူစု၌ ဘုရားသခင်၏ တန်ခိုးကို သာ၍မြင်သာအောင် လုပ်နိုင်စွမ်း ပိုရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အလုပ်သည် စစ်မှန်သော အလုပ်ဖြစ်သည်။ ယေရှုခေတ်၌ ယေရှုသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ လာခဲ့သည်မဟုတ်၊ လူသားကို ရွေးနုတ်ဖို့ လာခြင်းဖြစ်သည်။ ထို့ကြောင့် သူ့နောက်ကို လူများလိုက်အောင် အံ့သြဖွယ် အမှုအချို့ကို လုပ်ပြခြင်းဖြစ်သည်။ ယေရှုသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ လောကသို့ လာခြင်းဖြစ်သည်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏သာသနာ၌ ပါဝင်သော အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခြင်းသည် သူ့အလုပ် ထိရောက်စေရန် လုပ်သည့် အရာများ ဖြစ်သည်။ ထိုအလုပ်များသည် အပိုဆောင်းလျက် လုပ်ဆောင်သောအလုပ် ဖြစ်သည်၊ ခေတ်တစ်ခေတ်လုံး၌ လုပ်မည့်အလုပ်ကို ကိုယ်စားမပြုပေ။ ဓမ္မဟောင်းခေတ်၊ ပညတ်တော်ခေတ်၌ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်။ သို့သော် ဘုရားသခင် ယနေ့ခေတ်၌ လုပ်ဆောင်သော အလုပ်သည် စစ်မှန်သောအလုပ်ဖြစ်ပြီး ယနေ့ခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မုချပြမည်မဟုတ်။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသပါလျှင် သူ၏ တကယ့်အလုပ်သည် ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး မည်သည့်အလုပ်ကိုမျှ သူထပ်လုပ်နိုင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ နှုတ်ကပတ်တော်ကို အသုံးပြုမည်ဟုပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်းပြလျှင် လူသားက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လား၊ မယုံကြည်ဘူးလားဆိုသည်ကို ရှင်းအောင် ပြုလုပ်၍ ရနိုင်ဦးမည်လော။ ထို့ကြောင့် ဘုရားသခင်က ထိုသို့ မလုပ်ခြင်း ဖြစ်သည်။ လူသား၏အထဲ၌ ဘာသာတရား အလွန်များနေသည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူသား၏ အထဲ၌ရှိသည့် ဘာသာတရားနှင့်ဆိုင်သော အယူအဆများ၊ သဘာဝလွန် ဖြစ်ရပ်များကို ဖယ်ထုတ်ဖို့၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို လူသားသိစေဖို့အတွက် လောကသို့ လာခြင်းဖြစ်သည်။ မမြင်နိုင်သော၊ စိတ်ကူးသက်သက်ဖြစ်သော ဘုရားသခင်၏ ပုံရိပ်ကို၊ တစ်နည်းအားဖြင့် အမှန်တကယ် လုံးဝ မရှိသောပုံရိပ်ကို ဖယ်ရှားဖို့အတွက် ဘုရားသခင် ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သင့်အတွက် တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာသည် လက်တွေ့အရှိသဘောကိုသိသော အသိကိုရရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို အနိုင်ယူပါသည်။ ယနေ့ သင့်မှာ သမ္မာတရား မည်မျှရှိသနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဝိညာဉ်ဆိုးများသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ထိုနတ်ဆိုးများ အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်ကို လူသားက ယုံကြည်သောအခါ လူသားရှာဖွေသော အရာသည် သမ္မာတရားနှင့် အသက်ဖြစ်သည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ပန်းတိုင်သည် ထိုအရာများကို ရှာဖွေဖို့ ဖြစ်သင့်ပေသည်။