Album: Polish Readings
Categories: Readings
Album: Polish Readings
Categories: Readings
၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။ ၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။ ၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ခံစားပျော်မွေ့နိုင်သော အရာဝတ္ထုများအပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား […]
