လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အတိုင်း ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ မည်သည့် အတိုင်းအတာအထိ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း လူသားအားလုံး သိဖို့လိုသည်။ လူတို့သည် အသက်တာ၌ ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလျက် နေကြသော်လည်း ငါလုပ်ဆောင်သည့် အလုပ်၏ အဓိက ရည်ရွယ်ချက်ကို နားမလည်လျှင် အသက်တာ၌ ငါနှင့်အတူ လျှောက်လှမ်းခြင်းသည် အလဟဿ ဖြစ်သည် မဟုတ်လော။ ငါ့နောက်သို့ လိုက်သောသူများသည် ငါ့အလိုကို သိသင့်သည်။ ငါသည် လောက၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။
Burmese
အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ
သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်းဆောင်တာများလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံအသီးသီးရှိ လူများထံသို့ ငါ့စကား၊ ငါ့အာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းအကြောင်း ဖော်ပြရင်း စကြဝဠာတစ်လျှောက်လုံး ငါအစပြုသည့်အလုပ်များကို ပိုမိုပြည့်စုံစွာနှင့် ပိုမိုသင့်တော်အောင် ဆက်လက် လုပ်ဆောင်ရန် ယနေ့တွင် သင်တို့ကို သတိပေးလိုက်ပါသည်။ သင်တို့အကြား ငါလုပ်ဆောင်သော အလုပ်သည် စကြဝဠာတစ်လျှောက် လုပ်ဆောင်သော ငါ့အမှုများ၏ အစဖြစ်သည်။ ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်သော်လည်း “နောက်ဆုံးသော ကာလ″ သည် ခေတ်ကာလတစ်ခု၏ အမည်သာ ဖြစ်သည်ကို သိရှိပါ။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ ထိုအရာသည် ခေတ်ကာလတစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်ပြီး၊ အနည်းငယ်သော နောက်ဆုံးနှစ် သို့မဟုတ် လများကို ညွှန်းဆိုထားခြင်းထက် ခေတ်ကာလတစ်ခုလုံးကို ညွှန်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ […]
ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း
ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည် ယောင်ချာချာနှင့်သာ နောက်လိုက်နေကြခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်အား မည်သည့်အတွက်ကြောင့် ယုံကြည်သင့်သည်ကို လုံးဝမသိ၊ ဘုရားသခင် ဟူသည် အဘယ်နည်းကိုလည်း အတိအကျမသိပါ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်လျက် နောက်လိုက်ရန်သာ သိ၍ ဘုရားသခင်ဟူသည် အဘယ်နည်းကို မသိ၊ ဘုရားသခင်ကိုလည်း နားမလည်ပါက၊ ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံးတစ်ရပ်ပင် မဟုတ်ပါလား။
ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်
သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်သည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေပြီး အလုပ်အဆင့် တစ်ခုစီတိုင်းသည် သာ၍ အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ ဖော်ပြသော ဖွင့်ပြမှုထက်ပို၍ အဆင့်မြင့်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ပို၍ အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် လူကို ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် စုံလင်စေလေ့ရှိသည်။ လူက အမီ မလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသည် နာခံတတ်သော နှလုံးသား မရှိလျှင် အဆုံးသို့ ရောက်သည်အထိ လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကျန်ခဲ့ပြီ ဖြစ်သည်။ ယနေ့ ခေတ်သည် ခေတ်သစ် ဖြစ်သည်။ ခေတ်သစ်၌ အလုပ်သစ်ကို လုပ်ရမည်။ အထူးသဖြင့် လူကို စုံလင်စေမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အလုပ်သစ်ကို […]
ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်
တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းတန်ခိုးသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည့် လူသားများအတွင်း ငါ၏ဆန္ဒသည် သရုပ်ပေါ်နေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည်ပေးနေကာ ၎င်းတို့သည် ငါခိုင်းရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက် ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ငါဇာတိမြေသို့ ပြန်သည့်အခါ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာတစ်ခုလုံးကို ကြည့်လျက်ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့[က]သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ခေါက်တုံ့ခေါက်ပြန် လျင်မြန်စွာ ဆောင်ရွက်နေသည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို […]
အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ
ဘုရားသခင်က ဤလူစုများအထဲ၌ မည်သည့်အမှုကို ပြီးမြောက်အောင် ဆောင်ရွက်လိမ့်မည် ဟူသည့်အကြောင်းကို သင်တို့ တွေ့မြင်ခဲ့ပြီးပြီလော။ ဘုရားသခင်က အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌ပင်လျှင် လူများသည် သူ၏ ရှေ့ဆက်ဖွင့်ဆိုချက်များကို လိုက်လျှောက်ရမည်၊ အနာဂတ်တွင် ဘုရားသခင်၏ဖွင့်ဆိုချက်များသည် ကောင်းသော ခါနန်ပြည်၌ရှိသည့် လူများ၏အသက်တာကို တိုက်ရိုက် လမ်းညွှန်မည်ဟု မိန့်ခဲ့ပါသည်။ မောရှေသည် တောထဲ၌ ရှိနေစဉ်အခါ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူများ သာယာဝပြောဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်ဘုံမှ ချပေးခဲ့သကဲ့သို့ ယနေ့တွင်လည်း ဘုရားသခင်သည် လူများ ၀၀လင်လင် စားဖို့၊ သောက်ဖို့အတွက် အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးသကဲ့သို့၊ လူများကို ပြစ်တင်ဆုံးမရန် အတွက်လည်း ကျိန်ဆိုခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ပေးနေတုန်းပင် ဖြစ်သည်။
ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်
မိမိလုပ်သမျှအရာရာတိုင်း၌ ဖြောင့်မတ်ခြင်းရှိ၊ မရှိနှင့် မိမိ၏အပြုအမူများသည် ဘုရားသခင်၏ နည်းလမ်းများနှင့် ကိုက်ညီ၊ မညီ ဆင်ခြင်လေ့လာနေခြင်းသည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လူ့အမူအကျင့် စည်းမျဉ်းများပင်ဖြစ်သည်။ ဘုရားသခင်၏ ဂရုစိုက်စောင့်ရှောက်မှုကို လက်ခံပြီး ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်သူများသည် ဖြောင့်မတ်သောသူများဟု ခေါ်ဆိုခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်၏ ဂရုစိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် ပြည့်စုံကောင်းမွန်ခြင်းတို့ကို လက်ခံရယူသောသူများသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူများဖြစ်ကြပြီး ဘုရားသခင်မှ အမြတ်တနိုးထား ကြည့်ရှုစောင့်ရှောက်ခြင်း ခံရသူများဖြစ်သည်။ လက်ရှိအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များများခံယူလေလေ၊ ဘုရားသခင်၏ အလိုတော်ကို ပို၍နားလည်လိုက်လျှောက် နိုင်လေလေဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အသက်ရှင်ကာ ကိုယ်တော်၏ တောင်းဆိုချက်များနှင့် ပို၍ ပြည့်စုံလာနိုင်မည် ဖြစ်သည်။ ဤအရာမှာ ဘုရားသခင်မှ သင်တို့ကို တာဝန်ပေးစေခိုင်းချက်ပင်ဖြစ်ပြီး သင်တို့လုပ်ဆောင် […]
အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်
လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက လူသား၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်၏ ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်မှ လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ချိုးဖဲ့ခြင်း၊ […]
ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏
ကျွန်ုပ်တို့၏ ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်အထံတော်မှလာပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်၏ ကျေးဇူးတော်ကို တွေ့မြင်နိုင်သောကြောင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင် စေခိုင်းထားသော လုပ်ငန်းတာဝန်ကို ပြီးမြောက် အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ အလုပ်အတွက်လည်း မဟုတ်၊ လူသားများ၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက ကျွန်ုပ်တို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ အလုပ်အတွက် ညှဉ်းဆဲသတ်ဖြတ် ခံခဲ့ကြရသောသူများနှင့် မထိုက်တန်ပါ။ ကျွန်ုပ်တို့ကို အရာရာ ထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် မထိုက်တန်ပါချေ။
ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်
မည်မျှလောက်သော ဘာသာရေးထုံးတမ်းအစဉ်အလာများကို သင်စောင့်ထိန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် ထောက်ထားကာ သူ၏ အလိုဆန္ဒ ပြည့်စုံစေရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင်လက်တွေ့ကျင့်သုံးခဲ့ဖူးသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ လက်တွေ့ကျင့်သုံးလော့။ သင်၏ အပြုအမူများနှင့် လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုလော့။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လိုက်နာရန် သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံ ကြည့်ကောင်းဖို့ အတွက်သာ လုပ်ဆောင်ဖို့ ပြောခြင်းမဟုတ်။ ထိုအစား ဤသည်မှာ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ရှင်သန်ခြင်းဖြစ်သည်။ ထိုသို့ လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော ထုံးတမ်းအစဉ်အလာသည် စည်းမျဉ်းတစ်ခု […]